အင်ဒိုနီးရှား လောင်စာဆီသိုလှောင်ရုံ မီးလောင်မှုကြောင့် လူ ၁၉ ဦး သေဆုံး

(GMT+08:00)2023-03-06 13:46:11  

မတ်လ ၄ ရက်နေ့က  အင်ဒိုနီးရှားအမျိုးသားရဲဌာနရဲချုပ် Listyo Sigit Prabowo သည် ဂျာကာတာမြို့ မြောက်ပိုင်းရှိ လောင်စာဆီသိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု စုံစမ်းစစ်ဆေးရေးရလဒ်ကို ကြေညာခဲ့သည်။ Prabowo က ဝန်ထမ်းများ လောင်စာဆီထည့်သွင်းရာတွင် နည်းပညာ ပြဿနာကြောင့် မီးလောင်မှုဖြစ်ပွားခဲ့ ခြင်း ဖြစ်ပြီး မီးလောင်ပေါက်ကွဲမှုတွင်  လူ ၁၉ ဦး သေဆုံး ခဲ့ကြောင်း ပြောကြားခဲ့သည်။