ဂျပန် နီဂါတာပြည်နယ်မှ ကြက်ခြံတစ်ခြံတွင် ကြက်ငှက်တုပ်ကွေးရောဂါ ဖြစ်ပွားပြီး ကြက် ကောင်ရေ ၆.၈ သိန်းကို သုတ်သင်

(GMT+08:00)2023-03-06 11:18:02  

မတ်လ ၅ ရက်နေ့က ဂျပန်နိုင်ငံ နီဂါတာပြည်နယ်၏ ကြက်ခြံတစ်ခြံတွင် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရပြီး ၆ ရက်နေ့တွင် ကြက်ငှက် တုပ်ကွေး ရောဂါဖြစ်သည်ဟု အတည်ပြုခဲ့ကြောင်း၊ ယင်းကြက်ခြံတွင် ရောဂါဖြစ်နေသည့် ကြက် ကောင်ရေ ၆.၈ သိန်းကို  သုတ်သင်ရှင်းလင်းခဲ့ပြီး ယင်းသည် နီဂါတာပြည်နယ်တွင် စတုတ္ထအကြိမ် ကြက်ငှက် တုပ်ကွေးရောဂါ ဖြစ်ပွားခြင်းပင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။