(2023NPC- ၃) လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်စီးပွားရေး နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းသည် ၅ .၂ ရာခိုင်နှုန်း ရှိသည်

(GMT+08:00)2023-03-05 11:00:15  

 

   တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

လီခေ့ချန်က လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်ပြည် စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုး တိုးတက်မှုတွင် တစ်ကမ္ဘာလုံး အာရုံ စူးစိုက်ကြသည့် အရေးကြီး တိုးတက် အောင်မြင်မှုများကို ရရှိခဲ့ကြောင်း၊ ဂျီဒီပီ စုစုပေါင်းပမာဏမှာ ယွမ် ၁၂၁ ထရီလီယံ အထိ တိုးလာပြီး ငါးနှစ်အတွင်း နှစ်စဉ်ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၅.၂ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ၁၀ နှစ်အတွင်း  စုစုပေါင်း ယွမ် ထရီလီယံ ၇၀ ခန့် တိုးလာပြီး နှစ်စဉ် ပျမ်းမျှ တိုးတက်မှုနှုန်းမှာ ၆.၂ ရာခိုင်နှုန်း ရှိကြောင်း၊ တရုတ်စီးပွားရေး အင်အားသည် ထင်ရှားစွာ တိုးမြင့်လာကြောင်း ပြောကြားပါသည်။

အစီရင်ခံစာအရ လွန်ခဲ့သည့် ငါးနှစ်အတွင်း တရုတ်နိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးနှင့် တံခါးဖွင့်ရေးလုပ်ငန်းကို ဆက်တိုက် ဇောက်ချ ပြုလုပ်ပြီး Belt and Road အတူ တည်ဆောက်ရေး လုပ်ငန်းကို  ထိရောက်စွာ တွန်းအားပေး ဆောင်ရွက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ၏ ကုန်စည် သွင်းကုန်ပို့ကုန် စုစုပေါင်းပမာဏမှာ ယွမ် ထရီလီယံ၄၀ ကျော် ရှိပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင်မှုနှင့် နိုင်ငံခြား၌ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကမ္ဘာ့ ရှေ့ပြေးနေရာ၌ ရပ်တည်ခဲ့ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံ၏ ဆင်းရဲမှု ပပျောက်ရေး၊ သိပံ္ပနည်းပညာ ဆန်းသစ်တီထွင်ရေး၊ ဂေဟပတ်ဝန်းကျင် တိုးမြှင့်ကောင်းမွန်စေရေး စသည့်နယ်ပယ်များတွင်လည်း အောင်မြင်မှုများကို ရရှိခဲ့ကြောင်း သိရပါသည်။