(2023NPC-၅) တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ အရပ်ဘက်လုပ်ငန်းကုမ္ပဏီများ၏ ဓနပစ္စည်း ပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေး၊ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်မည်

(GMT+08:00)2023-03-05 11:08:45  

    တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

 ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ဥပဒေနှင့်အညီ အရပ်ဘက်လုပ်ငန်းကုမ္ပဏီများ၏ ဓနပစ္စည်းပိုင်ဆိုင်ခွင့်နှင့် လုပ်ငန်းရှင်များ၏ အခွင့်အရေး၊ အကျိုးစီးပွားများကို ထိန်းသိမ်းကာကွယ်မည် ဖြစ်ကြောင်း၊ အမျိုးမျိုးသော ပိုင်ဆိုင်မှုစနစ် ဖြစ်သည့် လုပ်ငန်းကုမ္ပဏီများအတွက် တရားမျှတစွာ ယှဉ်ပြိုင်၊ ဖွံ့ဖြိုးတိုးတက်ရေး ပတ်ဝန်းကျင်ကို ဖန်တီးပေးမည် ဖြစ်ကြောင်း၊ စစ်မှန်တိကျထိရောက်သော မူဝါဒ ဆောင်ရွက်ချက်များဖြင့် ဈေးကွက် ခန့်မှန်းချက်နှင့် ယုံကြည်မှုများကို တိုးမြှင့်ပေးမည် ဖြစ်ကြောင်း ဖော်ပြထားပါသည်။