(2023NPC -၈) တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးပြုသူနှင့် နိုင်ငံတကာ စည်းစနစ်၏ ထိန်းသိမ်းကာကွယ်သူအဖြစ် အစဉ်တစိုက် ဆောင်ရွက်

(GMT+08:00)2023-03-05 11:50:21  


   တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

   ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် လွတ်လပ်ပြီး ကိုယ်ပိုင်ဆုံးဖြတ်သော ငြိမ်းချမ်းသည့် နိုင်ငံခြားရေးမူဝါဒကို ပြတ်ပြတ်သားသား ကျင့်သုံးဖေါ်ဆောင်ပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းအတိုင်း ဦးလည်မသုန် လျှောက်လှမ်းသွားမည် ဖြစ်ကြောင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးချက် အခြေခံပေါ်တွင် နိုင်ငံအသီးသီးနှင့် ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်ခြင်းကို စွဲကိုင်ပြီး အပြန်အလှန် အကျိုးရှိစေသော တံခါးဖွင့်ရေး မဟာဗျူဟာကို ပြတ်ပြတ်သားသား ဆောင်ရွက်ပါကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာ့ငြိမ်းချမ်းရေး၏ တည်ဆောက်သူ၊ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်ရေး၏ အကျိုးပြုသူနှင့် နိုင်ငံတကာ စည်းစနစ်၏ ထိန်းသိမ်းကာကွယ်သူအဖြစ် အစဉ်တစိုက် ဆောင်ရွက်ပါကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံတကာ မိသားစုကြီးနှင့်အတူ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေး အဆိုပြုချက်များကို ဖော်ဆောင်လိုကာ၊ လူသားကံကြမ္မာတူ အသိုက်အဝန်း တည်ဆောက်ရေးကို လက်တွဲ တွန်းအားပေးပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဒေသတွင်း တည်ငြိမ်ရေးကို လက်တွဲ ထိန်းသိမ်းလိုပါကြောင်း ဖေါ်ပြထားပါသည်။