ရှီကျင့်ဖိန်သည် နိုင်ဂျီးရီးယားသမ္မတအဖြစ် ရွေးကောက်ခံရသော Bola Tinub သို့ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2023-03-05 14:09:34  

မတ်လ ၄ရက်နေ့တွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် နိုင်ဂျီးရီးယားနိုင်ငံ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရသော Bola Tinubu ထံသို့ ဝမ်းမြောက်ကြောင်း သဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

ရှီကျင့်ဖိန်က နိုင်ဂျီးရီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ အာဖရိကတိုက်တွင် အရေးကြီးသော မဟာဗျူဟာမိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ ယခုနှစ်များတွင် နှစ်နိုင်ငံ ဆက်ဆံရေးသည် အရှိန်ကောင်းမွန်စွာ တိုးတက်လာပြီး နယ်ပယ်အသီးသီးမှ လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများစွာတွင် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ နှစ်နိုင်ငံတို့သည် အဓိက အကျိုးစီးပွားများနှင့် အရေးပါသော ရေးရာများအပေါ် အပြန်အလှန် ထောက်ခံပြီး နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများတွင် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိသည် တရုတ်-နိုင်ဂျီးရီးယား ဆက်ဆံရေး တိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ Bola Tinubu နှင့်အတူ နှစ်နိုင်ငံ မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကို တစ်ဆင့်တိုးတက်ရန် တွန်းအားပေးလိုကြောင်း သဝဏ်လွှာတွင် ဖော်ပြခဲ့ပါသည်။