ဆားရည်-အယ်ကာလီမြေ ကို စပါးစိုက်ပျိုးမြေ အဖြစ်သို့ ပြောင်းလဲရန် မြှင့်တင်မည်ဟု ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ် Nie Shoujun ဆို

(GMT+08:00)2023-03-05 14:07:33  

ယခုနှစ် ၁၄ ကြိမ်မြောက် ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်၏ ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသော Nie Shoujun သည် စိုက်ပျိုးရေးသိပ္ပံနှင့် နည်းပညာလုပ်သားတစ်ဦးဖြစ်သလို ဟေလုံကျန်း ပြည်နယ်ရှိ ဆန်စပါးလုပ်ငန်းစနစ်၏ ထိပ်တန်းကျွမ်းကျင်သူ ပညာရှင်လည်းဖြစ်ကာ ကြီးမှူးရွေးချယ်သော ဆန်စပါးမျိုးစေ့ ၅၀ ကျော် ရှိပါသည်။

ယခုအခါ သူနှင့် သူ၏ သိပ္ပံသုတေသနအဖွဲ့သည် အယ်လ်ပိုင်းဒေသရှိ ဆားရည်-အယ်ကာလီမြေပေါ်တွင် စပါးစိုက်ပျိုးနိုင်ရန် သုတေသန လုပ်နေပါသည်။ ဒီနှစ်မှာတော့ သူသည် ယင်းနှင့်သက်ဆိုင်သော အကြံပြုချက်ကို ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်အစည်းအဝေးသို့ တင်သွင်းခဲ့သည်။