တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့ဘုံသာယာဝပြောရေးကို မြှင့်တင်ပေးသည်ဟု နိုင်ငံများစွာမှ ပုဂ္ဂိုလ်များက ဆို

(GMT+08:00)2023-03-05 14:09:00  

၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ကွန်ဖရင့် ပြည်လုံးဆိုင်ရာကော်မတီ အစည်းအဝေးနှင့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် အစည်းအဝေး ကျင်းပခြင်းကို နိုင်ငံတကာ ပုဂ္ဂိုလ်များက အာရုံစိုက်နေကြပါသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ဘုံသာယာဝပြောရေးကို မြှင့်တင်ရန်နှင့် ကုလသမဂ္ဂ၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်များ အကောင်အထည်ဖော်ရန် အရေးပါသော အခန်းကဏ္ဍတွင် ပါဝင်ဆောင်ရွက်နေခဲ့သည်ဟု ၎င်းတို့က ပြောကြားခဲ့ပါသည်။

တောင်အာဖရိက အမျိုးသားလွှတ်တော်ရေးရာ ဥက္ကဌ Frolickက သမ္မတ ရှီကျင့်ဖိန် တင်ပြထားသော အဆိုပြုချက်များသည် သာယာဝပြောမှု မျှဝေရေးနှင့် အတူ ဖွံ့ဖြိုးတိုးတက်ရေး ဖြစ်သည့် ဆောင်ပုဒ်ကို ပြသထားပြီး ယင်းသည် ကုလသမဂ္ဂ၏ ဆက်တိုက် ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် တရုတ်နိုင်ငံမှ လုပ်ဆောင်ခဲ့သော အရေးကြီးဆုံး အောင်မြင်မှုများထဲမှ တစ်ခုလည်း ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း Robert Hormats က တရုတ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ကမ္ဘာ့ အခြားဒေသများ၏ စီးပွားရေးတိုးတက်မှုအတွက် အားပေးထောက်ခံပြီး မြှင့်တင်စေကြောင်း ပြောကြားခဲ့ပါသည်။