(2023NPC-၁)တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေး ကျင်းပ

(GMT+08:00)2023-03-05 10:54:09  

     တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့တွင် ဘေကျင်း ပြည်သူ့ခန်းမဆောင်ကြီး၌ ဖွင့်လှစ်ခဲ့ပါသည်။ ရှီကျင့်ဖိန် အပါအဝင် တရုတ်ကွန်မြူနစ်ပါတီနှင့် နိုင်ငံတော် ခေါင်းဆောင်များ၊ အသစ် ရွေးချယ်တင်မြှောက်ခံရသည့် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ် ၃၀၀၀ ခန့်သည် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြပါသည်။