(2023NPC -၆) တံခါးဖွင့်ထားသည့် တရုတ်ဈေးကွက်ကြီးသည် နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမို များပြားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါမည်

(GMT+08:00)2023-03-05 11:35:32  

   တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

   ယင်းအစီရင်ခံစာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဆွဲဆောင် အသုံးပြုမှုကို အားဖြည့် ဆောင်ရွက်မည် ဖြစ်ကြောင်း၊ တံခါးဖွင့်ထားသည့် တရုတ်ဈေးကွက်ကြီးသည် နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများက တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရန်အတွက် ပိုမို များပြားသော အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ပါမည် ဖြစ်ကြောင်း၊ ဈေးကွက် ဝင်ခွင့်ကို တိုးချဲ့ရမည် ဖြစ်ပြီး ခေတ်မီ ဝန်ဆောင်မှုနယ်ပယ်များတွင် တံခါးဖွင့်ရေးကို တိုးချဲ့ ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ သွင်းကုန်ပို့ကုန်၏ စီးပွားရေးအပေါ် အထောက်အကူပြုမှု အခန်းကဏ္ဍကို ဆက်လက် ဖော်ဆောင်ရမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။