မြန်နှုန်းမြင့် ရထားလမ်းနှင့် အဝေးပြေးမော်တော်ကားလမ်းများ ပေါင်းစပ်ပြီး ကျေးလက်ဒေသ စည်ပင်သာယာရေးကို တွန်းအားပေး

(GMT+08:00)2023-03-05 14:12:13  

        မကြာခင်ရက်များက ကွမ်ရှီးကျွမ့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ ဝူကျူးမြို့ ထန်ခရိုင် ထန်တုန်းရွာတွင် လယ်ယာများ၊ ချောင်းရေများ၊ ကျေးရွာများ၊ တောင်ကုန်းများ၊ မြန်နှုန်းမြင့်ရထားလမ်းများနှင့် အဝေးပြေး မော်တော်ကားလမ်းများသည် လှပသော ကျေးလက်ပုံရိပ်ကို သရုပ်ဖော်ထားသည်။

ယခုနှစ်များအတွင်း ထန်ခရိုင်တွင် လမ်းပန်းဆက်သွယ်ရေး အခြေခံအဆောက်အအုံများကို အရှိန်မြှင့် တည်ဆောက်ခဲ့ပြီး မြန်နှုန်းမြင့် ရထားလမ်းနှင့် အဝေပြေးမော်တော်ကားလမ်းများဖြင့် ပို့ဆောင်ရေး ကွန်ရက်ကို အကောင်အထည်ဖော်ကာ ကျေးလက်ဒေသ ခရီးသွားလုပ်ငန်း၊ လယ်ယာထွက်ကုန်များ ရောင်းဝယ်စီးဆင်းမှု၊ ကျေးလက်ဒေသ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှင့် စည်ပင်သာယာရေးကို အထောက်အကူပြုနေသည်။