(2023NPC-၂) ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လွန်စွာ ရခဲသော တိုးတက် အောင်မြင်မှုသစ်များကို ရရှိခဲ့သည်

(GMT+08:00)2023-03-05 10:58:34  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

လီခေ့ချန်က ၂၀၂၂ ခုနှစ်တွင် တရုတ်နိုင်ငံသည် စီးပွားရေး တည်ငြိမ်စွာ လည်ပတ်ခြင်း၊ ဖွံ့ဖြိုးတိုးတက်ရေး အရည်အသွေး တည်ငြိမ်စွာ တိုးမြင့်ခြင်း၊ လူမှုရေး အခြေအနေ ဆက်တိုက် တည်ငြိမ်ခြင်းတို့ကို ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုတွင် လွန်စွာ ရခဲသော တိုးတက် အောင်မြင်မှုသစ်များကို ရရှိခဲ့ကြောင်း ပြောကြားပါသည်။

လီခေ့ချန်က လွန်ခဲ့သည့်နှစ်တွင် တရုတ် ဂျီဒီပီ တိုးတက်မှုနှုန်းမှာ ၃ ရာခိုင်နှုန်း ရှိပြီး မြို့ပြ အလုပ်အကိုင်နေရာသစ် ၁၂.၀၆ သန်း တိုးများလာကာ ပြည်သူလူထုများ၏ စားသုံးမှု ကုန်ဈေးနှုန်းများသည် ၂ ရာခိုင်နှုန်း တိုးမြင့်လာကြောင်း၊ ရှုပ်ထွေးပြီး ပြောင်းလဲမှု များပြားသော အခြေအနေတွင် တစ်နှစ်တာလုံး ဖွံ့ဖြိုးတိုးတက်ရေး အဓိက ရည်မှန်းချက် တာဝန်များကို အခြေခံအားဖြင့် ဖော်ဆောင်နိုင်ခဲ့ပြီး တရုတ်စီးပွားရေးသည် ခိုင်ခံ့ အားကောင်းမှုများကို ပေါ်လွင်လာခဲ့ကြောင်း ပြောကြားပါသည်။