(2023NPC-၇) “ထိုင်ဝမ် သီးခြားတည်ရှိရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တိုးမြှင့်ကာ အမိနိုင်ငံ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စဉ်ကို တွန်းအားပေးမည်ဟု အစိုးရလုပ်ငန်း အစီရင်ခံစာတွင် ဖော်ပြ

(GMT+08:00)2023-03-05 11:37:44  

  တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

   ယင်းအစီရင်ခံစာတွင် တရုတ်နိုင်ငံသည် ခေတ်သစ်တွင် ပါတီ၏ ထိုင်ဝမ်ရေးရာ ပြဿနာကိုဖြေရှင်းရေးဆိုင်ရာ အထွေထွေ မဟာဗျူဟာများကို စွဲကိုင် ဖော်ဆောင်ရမည် ဖြစ်ပြီး တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် ၁၉၉၂ ခုနှစ် သဘောတူညီချက်ကို စွဲကိုင်ရမည် ဖြစ်ကြောင်း၊ “ထိုင်ဝမ် သီးခြားတည်ရှိရေး” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပြီး တစ်ပေါင်းတစ်စည်းတည်း ဖြစ်ရေးကို တိုးမြှင့်မည် ဖြစ်ကြောင်း၊ ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ဆက်ဆံမှု ငြိမ်းချမ်းစွာ တိုးတက်ရေးကို တွန်းအားပေးပြီး အမိနိုင်ငံ ငြိမ်းချမ်းစွာ တစ်ပေါင်းတစ်စည်းတည်း ဖြစ်စဉ်ကို တွန်းအားပေးမည် ဖြစ်ကြောင်း ဖေါ်ပြထားပါသည်။