စိမ်းလန်းသောရေနှင့် တောင်တန်းများသည် ပြည်သူလူထုပျော်ရွှင်ချမ်းမြေ့မှု၏ အခြေခံ အုတ်မြစ် ဖြစ်သည် ဟု ဝမ်ယွိချင်ဆို

(GMT+08:00)2023-03-05 14:06:32  

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် ပထမအကြိမ် အစည်းအဝေး၏ ပြည်သူ့ကိုယ်စားလှယ်နှင့်တွေ့ဆုံမေးမြန်းပွဲ စတင် ပြုလုပ်ကာ တရုတ်ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက် ကိုယ်စားလှယ်များသည် မီဒီယာများ၏ တွေ့ဆုံမေးမြန်းမှုကို လက်ခံခဲ့သည်။

ပြည်လုံးဆိုင်ရာပြည်သူ့ကွန်ဂရက်ကိုယ်စားလှယ်၊ကျက်ကျန်းပြည်နယ် အန်းကျီခရိုင် ယွီချွန် ကျေးရွာက ပါတီရုံးခွဲ အတွင်းရေးမှူး ဝမ်ယွိချင် က ယွီချွန် သည် လူဦးရေ တစ်ထောင်သာရှိသော တောင်ပေါ်ရွာငယ်လေးဖြစ်ပြီး ၎င်းသည် အတိတ်မှ ယခုအချိန်အထိ ပြောင်းလဲမှုကြီး ဖြစ်ပွားခဲ့ကြောင်း၊ယခု ယွီချွန်ရွာသည်  ပြည်သူတွေချမ်းသာ နေသည့်အပြင် ရှုခင်းလည်းလှပကြောင်း၊ စိမ်းလန်းသောရေနှင့် တောင်တန်းများသည် ပျော်ရွှင်ချမ်းမြေ့မှု၏ အခြေခံအုတ်မြစ်ဖြစ်သည်ဟု ရွာသူရွာသားအားလုံးက ဆိုကြကြောင်း ပြောကြားပါသည်။