(2023NPC -၄) ၂၀၂၃ ခုနှစ် တရုတ်ပြည်၏ GDP တိုးတက်မှုနှုန်း ရည်မှန်းချက်သည် ၅ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်သည်

(GMT+08:00)2023-03-05 11:07:20  

တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက် နှစ်ပတ်လည် အစည်းအဝေးကို မတ်လ ၅ ရက်နေ့ နံနက်ပိုင်းက ဘေကျင်းမြို့၌ ဖွင့်လှစ်ခဲ့ရာ တရုတ် နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီခေ့ချန်က အစည်းအဝေးသို့ အစိုးရလုပ်ငန်း အစီရင်ခံစာကို တင်သွင်းခဲ့ပါသည်။

   လီခေ့ချန်က ယခုနှစ် တရုတ်ပြည် စီးပွားရေး တိုးတက်မှုနှုန်း ရည်မှန်းချက်သည် ၅ ရာခိုင်နှုန်း ဝန်းကျင် ဖြစ်ကြောင်း ပြောကြားပါသည်။

   အစီရင်ခံစာတွင် မြို့ပြ အလုပ်အကိုင်နေရာ ၁၂ သန်းခန့် တိုးတက်ရန်၊မြို့ပြ အလုပ်လက်မဲ့မှုနှုန်း ၅.၅ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိစေရန်၊ ပြည်သူလူထုများ၏ စားသုံးကုန် ဈေးနှုန်း တိုးနှုန်း ၃ ရာခိုင်နှုန်းတွင် ရှိစေရန် စသည့် အဓိက ရည်မှန်းချက်များကိုလည်း တင်သွင်းထားပါသည်။