“လူ့အခွင့်အရေးမီးပြတိုက်”အောက်မှာ ဒုက္ခရောက်နေသော ကလေးလုပ်သားများ

(GMT+08:00)2023-03-04 12:59:30  

နိုင်ငံတကာ လုပ်သားရေးရာအဖွဲ့နဲ့ ကုလသမဂ္ဂ ကလေးများရေးရာ ရန်ပုံငွေ အဖွဲ့တို့က မတ်လ လဆန်းပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲ အစီရင်ခံစာအရ လက်ရှိ အချိန်တွင် နိုင်ငံတကာမှာ ကလေးများ ဆင်းရဲမှု ပြဿနာဟာ ထင်ရှားနေသေးကြောင်း ဖော်ပြပြီး နိုင်ငံ အသီးသီးတို့အား ကလေးများကို ကာကွယ်စောင့်ရှောက်ဖို့ ပန်ကြားခဲ့ပါတယ်။ အဲဒီ ပန်ကြားချက်ကို “လူ့အခွင့်အရေးမီးပြတိုက်” လို့ ကိုယ့်ကိုယ်ကို အမွှန်းတင် ခေါ်ဝေါ်တဲ့ အမေရိကန်နိုင်ငံက အထူးအလေးပြုသင့်ပါတယ်။

   အမေရိကန် လုပ်သားရေးရာ ဝန်ကြီးဌာနမှ စာရင်းအရ ၂၀၂၂ ဘဏ္ဍာရေးနှစ် အတွင်း အမေရိကန် တစ်ပြည်လုံးရှိ ကုမ္ပဏီ ၈၃၅ ခုက ကလေးလုပ်သား ၃၈၀၀ ကျော်ကို တရားမဝင် အလုပ်လုပ်ခိုင်းနေပြီး ၂၀၂၁ ခုနှစ်ကထက် လူဦးရေ ၁၀၀၀ ကျော် ပိုများပါတယ်။ အမေရိကန် United Farm Workers အဖွဲ့အစည်းမှ စာရင်းအရ အမေရိကန်မှာ ကလေးလုပ်သား ဦးရေ  ၅ သိန်းမှ ၈ သိန်းအထိ စိုက်ပျိုးခြံတွေမှာ အလုပ် လုပ်နေတယ်လို့ သိရပါတယ်။

   အမေရိကန်မှာ ကလေးလုပ်သား တော်တော်များများက အန္တရာယ်ရှိတဲ့အလုပ်တွေကို လုပ်နေကြတယ်။ နယူးယောက် တိုင်းမ်စ် သတင်းစာမှ သတင်းဖော်ပြချက်အရ နိုင်ငံခြားမှ ရွှေ့ပြောင်းနေထိုင်တဲ့ ကလေးလုပ်သားများက အမေရိကန်ရှိ ပြည်နယ်ပေါင်းများစွာမှာ အသား အချောကိုင် စက်ရုံ၊ ဆောက်လုပ်ရေး အလုပ်ခွင်နဲ့ သားသတ်ရုံ စတဲ့နေရာများမှာ အန္တရာယ်ရှိတဲ့ အလုပ်တွေကို လုပ်နေကြတယ်။ အဲဒီ ကလေးလုပ်သားတွေဟာ တစ်ချို့က ညမအိပ်ဘဲ အလုပ်ဆက်တိုက် လုပ်ရတဲ့အပြင် အလုပ်ခွင် ပတ်ဝန်းကျင်လည်း လွန်စွာ ဆိုးသွမ်းတယ်လို့ သိရပါတယ်။

   အမေရိကန်ဟာ တစ်ခုတည်းသော “ကလေးများရဲ့ အခွင့်အရေး အထွေထွေ သဘောတူစာချုပ်”ကို မချုပ်ဆိုသေးသော ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး ပြင်းထန်တဲ့ ကလေးလုပ်သားဆိုင်ရာ ပြဿနာများကြောင့် နိုင်ငံတကာလုပ်သားရေးရာအဖွဲ့ရဲ့ ပြစ်တင်မှုကို အကြိမ်ပေါင်းများစွာ ခံခဲ့ရတယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖော် ပြထားပါတယ်။