ကျန်းစူးပြည်နယ် လျန်ယူကန်ဆိပ်ကမ်းတွင် မော်တော်ယာဉ် တင်ပို့မှု လျင်မြန်စွာ တိုးများလာ၊ အစီးရေ ၃၀၀၀ ကျော် ဆိပ်ကမ်း၌ တင်ပို့လျက်ရှိ

(GMT+08:00)2023-03-04 20:33:09  

မတ်လ ၃ ရက်နေ့က တရုတ်နိုင်ငံ ကျန်းစူးပြည်နယ် လျန်ယူကန်မြို့ ဆိပ်ကမ်းတွင် မော်တော်ကား အစီးရေ ၃၀၀၀ ကျော်ကို သင်္ဘောနှစ်စင်း ပေါ်သို့ တင်ဆောင်နေသည်။ ယခုနှစ်တွင် လျန်ယူကန် ဆိပ်ကမ်းသည် ကျန်းစူးပြည်နယ်၏ အကြီးဆုံး ပင်လယ်ဆိပ်ကမ်းအဖြစ် အာရှ-ဥရောပ ကုန်းပိုင်းတံတားကြီး စင်္ကြန်သစ်နှင့် နိုင်ငံတကာ အချက်အချာကျသော ဆိပ်ကမ်းဖြစ်လာပြီး ဆိပ်ကမ်းတွင် မော်တော်ကား တင်ပို့မှု လျင်မြန်စွာ တိုးမြင့်လာကာ၂၀၂၅ခုနှစ်ရောက်လျှင် တင်ပို့မှုပမာဏမှာ ၃၅၀၀၀၀အထိ ရှိမည်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံပေါင်း ၄၀ရှိ မြို့ပေါင်း ၁၀၀ ကျော်နှင့် ကုန်သွယ်မှုပြုလုပ်ပြီး လျန်ယူကန် ဆိပ်ကမ်းမှ မော်တော်ကား တင်ပို့မှုပမာဏသည် တရုတ် တတိယအများဆုံးဖြစ်ကြောင်း သတင်းအရ သိရပါသည်။