ကမ္ဘာ့အရှည်ဆုံး မြို့ပတ် မြေအောက်ရထားလိုင်းကို မော်စကိုမြို့တွင် ဖွင့်လှစ်

(GMT+08:00)2023-03-04 20:30:47  

မတ်လ ၁ ရက်နေ့က ရုရှားနိုင်ငံတွင် ကီလိုမီတာ ၇၀ ရှည်လျားသည့် မြို့ပတ် မြေအောက်ရထားလိုင်း(BCL)ကို ဖွင့်လှစ်ခဲ့ပါသည်။ ယင်းသည် ကမ္ဘာ့အရှည်ဆုံး မြေအောက်ရထားလိုင်းဖြစ်ပြီး ၂၀၁၁ ခုနှစ်ကနေ ၂၀၂၃ခုနှစ်အထိ ဆောက်လုပ်ခဲ့ကာ မြို့ပတ်လမ်းတစ်လျှောက်တွင် ဘူတာရုံ စုစုပေါင်း ၃၁ ခု ရှိပါသည်။