ဘီလာရုစ် နိုင်ငံသမ္မတ Lukashenko နှင့်တွေ့ဆုံမေးမြန်းခြင်း

(GMT+08:00)2023-03-04 16:24:00  

ဘီလာရုစ် နိုင်ငံသမ္မတ Lukashenko သည် တရုတ်နိုင်ငံသို့ တရားဝင် လည်ပတ်ခြင်း ခရီး မစတင်မီ China Media Group ၏ သီးသန့်တွေ့ဆုံး မေးမြန်းမှုကို လက်ခံခဲ့စဉ်က ရုရှားနှင့်ယူကရိန်းတို့ “ညီအစ်ကို နှစ်နိုင်ငံကြား ပဋိပက္ခ” ကို ရပ်တန့်ကြပါရန် တိုက်တွန်းပြီး အမေရိကန်ကို အဓိကထားသည့် အနောက်နိုင်ငံများ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဝင်ရောက် နှောင့်ယှက်သည်ကိုလည်း ပြစ်တင်ရှုတ်ချပါသည်။  ဘီလာရုစ် နိုင်ငံသမ္မတ Lukashenko က “လေသင်္ဘောကိစ္စ”သည် အမေရိကန်နိုင်ငံ၏ အောက်တန်း ကျသည့် “နိုင်ငံရေး လှည့်ကွက်”ဟု ထင်မြင်ယူဆပါသည်။ သမ္မတ Lukashenko သည် တရုတ်နိုင်ငံမှ မိမိ၏ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံ မျှဝေပေးခြင်းကို ကျေးဇူးတင်ကြောင်းနှင့် ဘီလာရုစ် နိုင်ငံသည် တရုတ်နိုင်ငံ ယုံကြည်အားကိုးလို့ရသည့် မိတ်ဆွေကောင်း ဖြစ်ကြောင်း ထပ် လောင်း ပြောကြားပါသည်။