ဖိလစ်ပိုင်နိုင်ငံတွင် လောင်စာဆီ ယိုဖိတ်မှု၏ သက်ရောက်မှု ဆက်လက်တိုးမြင့်လာပြီး ဒေသခံများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ဖွယ်ရာရှိ

(GMT+08:00)2023-03-04 20:28:15  

ဖိလစ်ပိုင်နိုင်ငံ အရှေ့မင်ဒိုရို ကျွန်းအနီးတွင် မကြာသေးမီက လောင်စာဆီယိုဖိတ်မှု ဖြစ်ပွားခဲ့ရာ အရှည် ၂၅ ကီလိုမီတာနှင့် အကျယ် ၃၀၀ မှ ၅၀၀ မီတာအထိ ပျံ့နှံ့သွားခဲ့ပြီး စုစုပေါင်း သန္တာကျောက်တန်း ၅၉၁ ဟက်တာ၊ ဒီရေတော ၁၆၂၆ ဟက်တာနှင့် ကလီပင် ၃၆၂ ဟက်တာ ထိခိုက်ခဲ့ကြောင်း ဖိလစ်ပိုင် သဘာဝပတ်ဝန်းကျင်နှင့် သဘာဝအရင်းအမြစ်ဝန်ကြီးဌာနက မတ်လ ၃ ရက်နေ့တွင် ထုတ်ပြန်သော ဓါတ်ပုံနှင့်ဗီဒီယိုမှ သိရပါသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖိလစ်ပိုင်နိုင်ငံ အရှေ့မင်ဒိုရိုပြည်နယ်အနီး ပင်လယ်ပြင်တွင် အင်ဂျင်ချို့ယွင်းမှုကြောင့် လောင်စာဆီတင်သင်္ဘောတစ်စီး နစ်မြုပ်သွားခဲ့ပြီး သင်္ဘောပေါ်တွင် လိုက်ပါလာသည့် သင်္ဘောသား အယောက် ၂၀ ကို ကယ်ဆယ်နိုင်ခဲ့သော်လည်း သင်္ဘောပေါ်ရှိ စက်သုံးဆီ လီတာ ၈သိန်း ယိုဖိတ်ခဲ့သည်။