ကုမ္ပဏီများသည် အခြေအနေများစွာအတွက် စက်ရုပ်လူသားကို တီထွင်

(GMT+08:00)2023-03-04 13:01:58  

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တရုတ်နိုင်ငံ ကန်စုပြည်နယ် ကျန်းယဲ့မြို့ Intelligent ထုတ်လုပ်ရေးဇုန်ရှိ စမတ်စက်ရုပ်လူသားထုတ်လုပ်ရေးကုမ္ပဏီများသည် ကင်းလှည့်စက်ရုပ်လူသား၊ ပိုးသတ်ဆေးများနှင့် ကူးစက်ရောဂါတိုက်ဖျက်ရေးစက်ရုပ်လူသား၊ စမတ်ဧည့်ကြိုစက်ရုပ်လူသားနှင့် အထူး စိတ်ကြိုက် ပြုပြင်ထားသော စမတ်စက်ရုပ်လူသားများ၏ အမှာစာများစွာကို လက်ခံရရှိခဲ့ပါသည်။ ထုတ်လုပ်ရေး ကုမ္ပဏီသည် ဒေသ၊ အခြေအနေ နှင့် လူအုပ်စုများအရ မတူကွဲပြားသော စက်ရုပ်လူသားများကို တီထွင် ဖန်တီးပေးသည်။ လက်ရှိတွင် ထုတ်ကုန်များကို တရုတ်နိုင်ငံ ကျန်းစူး၊ကျက်ကျန်း၊ ရှင်းကျန်း၊ ချင်းဟိုင်၊နင်ရှ စသည့်ဒေသများသို့ ရောင်းချလျက်ရှိပါသည်။