အာဂျင်တီးနားနိုင်ငံ၏ Malvinas ကျွန်းစု အချုပ်အခြာအာဏာ ဆိုင်ရာ တရားမျှတသော တောင်းဆိုချက်ကို ပြတ်ပြတ်သားသား ထောက်ခံသင့်

(GMT+08:00)2023-03-04 13:00:37  

ဒီလ ၂ ရက်နေ့မှာ အာဂျင်တီးနား နိုင်ငံခြားရေး ဝန်ကြီး Cafiero က အာဂျင်တီးနားနိုင်ငံသည် ဂျီ-၂၀ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အတောအတွင်း ဗြိတိန်နိုင်ငံအား တရားဝင် အကြောင်းကြားခဲ့ပြီ ဖြစ်ပြီး Malvinas ကျွန်းစု အငြင်းပွားနှင့် ပတ်သက်ပြီး ၂၀၁၆ ခုနှစ်က နှစ်နိုင်ငံတို့ ရရှိခဲ့သည့်  Fuldori-Duncan သဘောတူညီချက်ကို အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ထို့ပြင် ၄င်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် အမှတ် ၂၀၆၅ အရ Malvinas ကျွန်းစု အချုပ်အခြာ အာဏာဆိုင်ရာ စေ့စပ်ဆွေးနွေးပွဲကို ပြန်လည် ကျင်းပရန်လည်း ဗြိတိန်နိုင်ငံအား အဆိုပြုခဲ့ပါသည်။ ယင်းသည် အာဂျင်တီးနားနိုင်ငံ၏ Malvinas ကျွန်းစု အချုပ်အခြာအာဏာ ဆိုင်ရာ တရားမျှတသော တောင်းဆိုချက် ဖြစ်ပြီး နိုင်ငံတကာ မိသားစုကြီးက ပြတ်ပြတ်သားသား ထောက်ခံသင့်ပါသည်။

  ၁၈၁၆ ခုနှစ်က အာဂျင်တီးနားနိုင်ငံသည် စပိန် ကိုလိုနီ အုပ်ချုပ်မှုမှ လွတ်မြောက်ပြီး လွတ်လပ်ရေး ရရှိခဲ့သည့်အခါ Malvinas ကျွန်းစု အချုပ်အခြာအာဏာကို ဆက်ခံ ရရှိခဲ့ပါသည်။ ၁၉၃၃ ခုနှစ်က ဗြိတိန်နိုင်ငံသည် လက်နက်အင်အားဖြင့် Malvinas ကျွန်းစုကို သိမ်းပိုက်ခဲ့သည်။ ၁၉၆၅ ခုနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံသည် ဆုံးဖြတ်ချက် အမှတ် ၂၀၆၅ ကို အတည်ပြုခဲ့ပြီး Malvinas ကျွန်းစု ရေးရာကို ကိုလိုနီ ဖျက်ပစ်ရေး မူဘောင်အတွင်း ထည့်သွင်းကာ ဗြိတိန်နှင့် အာဂျင်တီးနားတို့ စေ့စပ်ဆွေးနွေးသောနည်းလမ်းဖြင့် Malvinas ကျွန်းစုအချုပ်အခြာအာဏာ ဆိုင်ရာ အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းရန် လှုံ့ဆော်တိုက်တွန်းခဲ့ပါသည်။ သို့သော် ဗြိတိန်သည် စေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရန် တောက်လျှောက် ငြင်း ပယ်ခဲ့သည်။

    ယခုနှစ်သည် Malvinas ကျွန်းစုကို ဗြိတိန်က တရားမဝင် သိမ်းပိုက်ခဲ့သည့်  ၁၉၀ ပြည့်မြောက်သည့်နှစ် ဖြစ်ပါသည်။ ကိုလိုနီခေတ် ကုန်လွန်ပါပြီ။ Malvinas ကျွန်းစုအချုပ်အခြာအာဏာရေးရာသည် အာဂျင်တီးနား ပြည်သူများ၏ ထာဝစဉ် နာကြည်းမှု မဖြစ်သင့်ဟု China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသားဖေါ်ပြထားပါသည်။