အမေရိကန် လူပါအာကာသယာဉ် Dragon သည် နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်

(GMT+08:00)2023-03-04 20:35:13  

အာကာသယာဉ်မှူး ၄ ဦး တင်ဆောင်သော အမေရိကန် အာကာသ စူးစမ်းလေ့လာရေး နည်းပညာကုမ္ပဏီ၏ အာကာသယာဉ် Dragon သည် မတ်လ ၃ ရက်နေ့က နိုင်ငံတကာ အာကာသစခန်းနှင့် ချိတ်ဆက်ခဲ့သည်။

အမေရိကန်အရှေ့ပိုင်း စံတော်ချိန် မတ်လ ၃ ရက်နေ့ ၁ နာရီ မိနစ် ၄၀ က   ယင်းအာကာသယာဉ်သည် အာကာသစခန်းနှင့် ချိတ်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း NASA မှ သတင်းအရ သိရပါသည်။