ဒစ်ဂျစ်တယ်စီးပွားရေးမိတ်ဖက်ဆက်ဆံမှု သဘောတူစာချုပ်တွင် ပါဝင်ရန် တိုးတက်မှုရရှိဖို့ တွန်းအားပေးမည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန ဆို

(GMT+08:00)2023-03-03 13:43:10  

တရုတ်နိုင်ငံတော်ကောင်စီ သတင်းပြန်ကြားရေးဌာနသည် ကုန်သွယ်ရေး အရည်အသွေးမြင့်စွာ ဖွံ့ဖြိုးတိုးတက်ရန် ခြေလှမ်းသစ် တက်လှမ်းခြင်းနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲကို မတ်လ ၂ရက်နေ့က ကျင်းပခဲ့ပါသည်။ နိုင်ငံခြားရင်းနှီးငွေ မြှုပ်နှံမှုကို ဆွဲဆောင်ခြင်း၊ လွတ်လပ်သော ကုန်သွယ်ရေးဆိုင်ရာ မိတ်ဆွေအသိုင်းအဝိုင်း တိုးချဲ့ခြင်း၊ Belt and Road စသည်တို့နှင့် ပတ်သက်၍ တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်က ယခုနှစ်တွင် တရုတ်နိုင်ငံသည် ဒစ်ဂျစ်တယ်စီးပွားရေးမိတ်ဖက်ဆက်ဆံမှုသဘောတူစာချုပ်တွင် ပါဝင်ရေးစသည်များ၌ လက်တွေ့ကျသော တိုးတက်မှုရရှိဖို့ ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ကြောင်း ပြောကြားခဲ့ ပါသည်။