ဘလင်ကင်မှ တရုတ်နိုင်ငံဆိုင်ရာ ပြောဆိုချက်ကို တရုတ် ပြန်လည်ချေပ

(GMT+08:00)2023-03-03 13:41:36  

မတ်လ ၂ရက်နေ့က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်ဘက်သည် ပြန်လည်ဆန်းစစ်ရပြီး အထင်လွဲ အမြင်လွဲ ဖြစ်အောင် လုပ်ခြင်း နှင့် ထင်ရာစိုင်း ပြောဆိုခြင်းကို ရပ်တန့်ရန်လိုကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကင်မှ တရုတ်နိုင်ငံဆိုင်ရာ ပြောဆိုချက်ကို ပြန်လည်ချေပခဲ့ရာတွင် ပြောကြားခဲ့ပါသည်။

ယူကရိန်းပြဿနာနှင့်ပတ်သက်၍ တရုတ်ဘက်သည် တရားမျှတသောရပ်တည်ချက် ကို ကိုင်ဆောင်ထားပြီး စေ့စပ်ဆွေးနွေးပွဲကျင်းပရေးပြုလုပ်ရန် ကြိုးပမ်းအားထုတ်၍ အကျပ်အတည်းအား နိုင်ငံရေးအရဖြေရှင်းရန် တွန်းအားပေးကာ ငြိမ်းချမ်းရေးနှင့် ဆွေးနွေးပွဲကို တောက်လျှောက်တိုက်တွန်းကြောင်း၊ အမေရိကန်သည် ယူကရိန်းစစ်မြေပြင် သို့ အသက်ဆုံးရှုံးနိုင်သောလက်နက်များကို အမြဲတမ်းပို့ပေးနေသည့်အပြင် နေရာအနှံ့တွင် တို့မီးရှို့မီးလုပ်ပြီး အဖြစ်မှန်မဟုတ်သည့်သတင်းများ ပျံ့နှံ့စေသည့်အတွက် တရုတ်ဘက်သည် ပြတ်သားစွာ ဆန့်ကျင်ကြောင်း မော်နင်က ပြောကြားခဲ့ပါသည်။