ရထားတိမ်းမှောက်မှုဖြစ်ပွားပြီးနောက် ဂရိနေရာအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှုများဖြစ်ပွား

(GMT+08:00)2023-03-03 13:43:38  

    ဂရိနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ရထားတိမ်းမှောက်မှုကြောင့် လူ ၄၃ ဦး သေဆုံးခဲ့ရပါသည်။ အခင်းဖြစ်ပွားပြီးနောက် ဂရိနိုင်ငံနေရာအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ ဂရိ အခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးသည် ရာထူးမှ နုတ်ထွက်ကြောင်း ကြေညာခဲ့ပါသည်။

ဂရိအခြေခံအဆောက်အအုံနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ကာရာမန်လစ်(Karamanlis) က “ဂရိမီးရထားစနစ်သည် စောစောပိုင်း ကတည်းက ၂၁ ရာစုနှစ်၏ လိုအပ်ချက်များနှင့် မကိုက်ညီတော့”ဟု ပြောကြားပြီး ရထားလမ်းစနစ် ပြုပြင်ရေးလုပ်ငန်းတွင် အစိုးရ၏ “ရေရှည်ပျက်ကွက်မှု” အပေါ် တာဝန်ယူမည်ဟု ပြောကြားခဲ့ပါသည်။