အစ္စရေးဒေသအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွား

(GMT+08:00)2023-03-03 13:44:05  

     ဒေသစံတော်ချိန် မတ်လ ၁ ရက်နေ့က အစ္စရေးဒေသအများအပြားတွင် ဆန္ဒပြလှုပ်ရှားမှုများ ဖြစ်ပွားခဲ့ရာ ဆန္ဒပြသူများနှင့် ရဲများကြား အဓိကရုဏ်းဖြစ်သောကြောင့် လူ ၁၁ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး ၅၀ ကျော် ဖမ်းဆီးခဲ့ရသည်ဟု The Times of Israelမှ သတင်းကို ကိုးကား၍ တရုတ် သတင်းဌာနက ရေးသားဖော်ပြပါသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ တရားစီရင်ရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ်ကို ဆန့်ကျင်သည့် အနေဖြင့် အစ္စရေး အလယ်ပိုင်းဒေသ တဲလ်အဗစ်မြို့နှင့် အခြားနေရာများတွင် မတ်လ ၁ ရက်နေ့က ဆန္ဒပြလှုပ်ရှားမှုများစွာ ဖြစ်ပွားခဲ့ပါသည်။