ကန်လွှတ်တော်မှ ကန်သမ္မတအား TikTok တားဆီးပိတ်ပင်ခွင့်ကို ပေးအပ်

(GMT+08:00)2023-03-03 13:42:10  

အမေရိကန်အောက်လွှတ်တော်သည် အမေရိကန်သမ္မတ ဘိုင်ဒန်အား TikTok တားဆီး ပိတ်ပင်ခွင့် ပေးအပ်ရေးဆိုင်ရာဥပဒေကို တွန်းအားပေးခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန်သည် နိုင်ငံတော်လုံခြုံရေးယေဘုယျအယူအဆကို ထပ်ခါတလဲလဲ ကောက်ချက်ချပြီး၊ နိုင်ငံတော်အာဏာကို အလွဲသုံးစားပြု၍ အခြားနိုင်ငံ၏ ကုမ္ပဏီများကို အကြောင်းမဲ့သက်သက် ဖိနှိပ်ခြင်းအား တရုတ်ဘက်မှ ပြတ်သားစွာဆန့်ကျင်ကြောင်း ၂ရက်နေ့က ပြောကြားခဲ့ပါသည်။

အမေရိကန်သည် ဈေးကွက်စီးပွားရေးနှင့် တရားမျှတစွာ ယှဉ်ပြိုင်မှုကို ထိရောက်စွာလေးစားရန်လိုကြောင်း၊ သက်ဆိုင်ရာကုမ္ပဏီများကို အကြောင်းမဲ့သက်သက် ဖိနှိပ်မှုကို ရပ်စဲရန်လိုကြောင်း၊ အမေရိကန်ဆိုင်ရာ နိုင်ငံအသီးသီးမှ ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံရေးအတွက် တံခါးဖွင့်ပြီး တရားမျှတကာ ခွဲခြားမှုမရှိသော ပတ်ဝန်းကျင်ကို ဖန်တီးပေးရမှာဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့ပါသည်။