တရုတ်နိုင်ငံသည် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွင် ဆက်လက် တက်ကြွစွာပါဝင်ဆောင်ရွက်ပြီး ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များဖွံ့ဖြိုးတိုးတက်ရေးကို ပိုမိုကြီးမားစွာ မြှင့်တင်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ပဋိညာဉ်စာချုပ်ကို တတ်နိုင်သမျှ အမြန်ဆုံးအတည်ပြုပြီး ကလေးသူငယ်အခွင့်အရေးများကို ကာကွယ်ရန် လက်တွေ့ကျသည့်လုပ်ဆောင်ချက်များ ဆောင်ရွက်ရန် အမေရိကန်အား တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မောင်နင်က မတ်လ ၂ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့နှင့် ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့တို့က မတ်လ ၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲအစီရင်ခံစာအရ ကလေးများဆင်းရဲနွမ်းပါးမှုပြဿနာသည် ထင်ရှားနေဆဲဖြစ်ပြီး ကမ္ဘာပေါ်တွင် ကလေး ၁.၈ ဘီလီယံနီးပါးသည် လူမှုဖူလုံရေးစောင့်ရှောက်မှုမရှိသော ပတ်ဝန်းကျင်တွင် နေထိုင်နေရဆဲဖြစ်ပြီး ကလေးသူငယ်များကို အကာအကွယ်ပေးရန် နိုင်ငံ အသီးသီးတို့အား တိုက်တွန်းထားပါသည်။