Kobe Bryant ၏ဇနီးသည် လျော်ကြေးဒေါ်လာ ၂၈.၈၅ သန်းရရှိ၊ ၃နှစ်နီးပါးတရားစွဲဆိုမှုကို အဆုံးသတ်ခဲ့

(GMT+08:00)2023-03-02 16:23:27  

   ဒေသစံတော်ချိန် မတ်လ ၂ရက်နေ့တွင်  Los Angelesကောင်တီ အစိုးရသည် အမျိုးသားဘတ်စကတ်ဘောစတား Kobe Bryant ၏ မိသားစုအား လျော်ကြေးငွေဒေါ်လာ ၂၈.၈၅သန်းပေးရန် သဘောတူခဲ့ပြီဖြစ်ပြီး ၃နှစ်နီးပါးကြာသောတရားစွဲဆိုမှုကို အဆုံးသတ်ခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။

   ၂၀၂၀ပြည့်နှစ်ဇန်နဝါရီလတွင်  Kobeနှင့် ၎င်း၏ဒုတိယသမီး Gigi အပါအ၀င် လူ ၉ ဦး ရဟတ်ယာဉ်မတော်တဆမှုတွင် သေဆုံးသွားခဲ့ပါသည်။ ရဲအရာရှိများသည် အခင်းဖြစ်ပွားရာနေရာအား ဓာတ်ပုံရိုက်ကာ မျှဝေခြင်းတွင် ပါဝင်သည်ဟု သံသယရှိခဲ့ကြသည်။ Kobe၏ဇနီး Vanessa သည် Los Angeles ရဲတပ်ဖွဲ့ကို တရားစွဲခဲ့ပါသည်။  သူမ၏ခင်ပွန်းနှင့် သမီးသေဆုံးခဲ့ရသည့်ကြောက်စရာကောင်းသော ဓာတ်ပုံတွေကို အင်တာနက်တွင် ပျံ့နှံ့သွားမှာကို သူမ အမြဲစိုးရိမ်နေသည်ဟု သတင်းရရှိပါသည်။