ရာသီဥတုပြောင်းလဲမှုကြောင့် လူသားနှင့်တောရိုင်းတိရစ္ဆာန်အကြားပဋိပက္ခများကို ပိုမိုဆိုးရွားစေသည်။

(GMT+08:00)2023-03-02 16:22:31  

ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ထုတ်ဝေခဲ့သော “သဘာဝရာသီဥတုပြောင်းလဲမှု” (Nature Climate Change) သုတေသနစာရင်းတွင် ရာသီဥတုဖောက်ပြန်မှုသည် ကမ္ဘာတစ်ဝှမ်းရှိ လူသားနှင့် တောရိုင်းတိရစ္ဆာန်များအကြား ပဋိပက္ခများကို ပိုမိုဆိုးရွားစေကာ လူသားနှင့် တောရိုင်းတိရစ္ဆာန်များ ထိခိုက်ဒဏ်ရာရပြီး သေဆုံးမှုများပင် ဖြစ်ပေါ်နေကြောင်း ဖော်ပြခဲ့ပါသည်။ ဒေသစံတော်ချိန်၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ကင်ညာနိုင်ငံ Wajir ခရိုင်တွင် Sabli တောရိုင်းတိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့မှ တောထိန်းဝန်ထမ်းတစ်ဦးသည် အစာရေစာပြတ်လတ်ကာ သေဆုံးသွားသော သစ်ကုလားအုတ် အသေတစ်ကောင်ကို တွေ့ရှိခဲ့သည်။ အရှေ့အာဖရိကတွင် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း အဆိုးရွားဆုံး မိုးခေါင်မှုကြောင့် ကင်ညာနိုင်ငံ၏ သားကောင်သီးသန့်ထားသည့်နေရာများတွင် တိရစ္ဆာန် ရာနှင့်ချီ သေဆုံးခဲ့ကြောင်းသိရပါသည်။