ရထားတိမ်းမှောက်မှုမှာ အများအားဖြင့် လူသားအမှားကြောင့် ဖြစ်သည်ဟု ဂရိဝန်ကြီးချုပ်ဆို

(GMT+08:00)2023-03-02 16:21:57  

နိုင်ငံအလယ်ပိုင်းဒေသတွင် ဖြစ်ပွားခဲ့တဲ့ ရထားတိုက်မိမှုနှင့်ပတ်သက်သော စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝလုပ်ဆောင်ခဲ့ပြီဖြစ်ပြီး လက်ရှိသတင်းအရ ရထားတိမ်းမှောက်မှုမှာ အများအားဖြင့် လူသားအမှားကြောင့် ဖြစ်သည်ဟု ဂရိဝန်ကြီးချုပ် မီဇိုတာကစ်က မတ်လ ၁ ရက်နေ့ ညမှာ ပြောကြားခဲ့ ပါသည်။

ယခုအကြိမ် ရထားတိုက်မိမှုကြောင့် လူ ၃၈ ဦး သေဆုံးခဲ့ရပြီး ဆေးရုံတွင် ဆေးဝါးကုသမှုခံယူနေရ သူ ၇၂ ဦး မှာ ၆ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိပြီး ၁၅ ဦး ဆေးရုံမှ ဆင်းသွားပြီ ဖြစ်ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက်လုပ်ဆောင်နေပြီး သေကြေဒဏ်ရာရရှိသူဦးရေ တိုးလာနိုင်ကြောင်း ဂရိမီးသတ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဗါလာကိုယန်နစ် က ယမန်နေ့ ၁ ရက်နေ့တွင် ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြခဲ့ပါသည်။