ဥရောပသမဂ္ဂသည် အမှုထမ်းများ TikTok တပ်ဆင်မှုကို တားဆီးပိတ်ပင်ခြင်းလုပ်ရပ်သည် နိုင်ငံတကာမိသားစုကြီးမှ ဥရောပသမဂ္ဂ စီးပွားရေးပတ်ဝန်းကျင်အပေါ် ယုံကြည်စိတ်ကို ထိခိုက်မည်ဟု တရုတ် ဆို

(GMT+08:00)2023-03-02 16:21:29  

    ဥရောပသမဂ္ဂ နှင့် ဥရောပလွှတ်တော်တို့သည် အမှုထမ်းများအား ၎င်းတို့၏စက်များတွင် TikTok တပ်ဆင်မှုကို တားဆီးပိတ်ပင်ခြင်းနှင့်ပတ်သက်၍ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ဥရောပသမဂ္ဂအနေနှင့် တစ်ကမ္ဘာလုံး၌ တံခါးဖွင့်မှုအရှိဆုံးသောဈေးကွက်ဖြစ်သည်ဟု ကြေညာချက်ထုတ်ပြန်ခဲ့ သော်လည်း ယခုတလော ကန့်သတ်မှုရှိသောဆောင်ရွက်ချက်များကို အဆက်မပြတ် ကျင့်သုံးပြီး နိုင်ငံတော်လုံခြုံရေးကို အကြောင်းပြု၍ အခြားနိုင်ငံများ၏ကုမ္ပဏီများကို အကြောင်းမဲ့သက်သက် ဖိနှိပ်ကြောင်း၊ ယင်းလုပ်ရပ်သည် နိုင်ငံတကာမိသားစုကြီးမှ ဥရောပသမဂ္ဂ စီးပွားရေး ပတ်ဝန်းကျင်အပေါ် ယုံကြည်စိတ်ကို ထိခိုက်မည်ဖြစ်ကြောင်း ၁ရက်နေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။