ဂရိနိုင်ငံ ရထားနှစ်စီး တိုက်မိခြင်းနှင့် စပ်လျဉ်း၍ ရှီကျင့်ဖိန်က ဂရိသမ္မတထံသို့ ဝမ်းနည်း ကြောင်း သဝဏ်လွှာပေးပို့v

(GMT+08:00)2023-03-02 16:20:58  

ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဂရိနိုင်ငံ ရထားနှစ်စီး တိုက်မိခြင်းနှင့် စပ်လျဉ်း၍ ဂရိနိုင်ငံသမ္မတ Sakellaropoulou ထံသို့ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါသည်။

ထိုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က မိမိသည် တရုတ်အစိုးရနှင့် တရုတ်ပြည်သူများ ကိုယ်စား ရထားတိုက်မိခြင်းကြောင့် သေဆုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲကြောင်းနှင့် သေဆုံးသူများ၏ ကျန်ရစ်သည့် မိသားစုများအား နှစ်သိမ့်အားပေးကြောင်းဖေါ်ပြသည့် အပြင် ဒဏ်ရာရရှိသူများ အမြန်ဆုံးသက်သာပါစေဟု ဆုမွန်ကောင်းတောင်းလိုက်ပါကြောင်း ဖော်ပြခဲ့သည်ဟု သတင်းအရသိရပါသည်။