တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပါတီဝန်ထမ်းကျောင်း ထူထောင်ခဲ့သည့် နှစ်(၉၀) မြောက် အထိမ်းအမှတ်ညီလာခံ၊ ၂၀၂၃ခုနှစ် နွေဦးရာသီ ကျောင်းဖွင့်ပွဲတွင် ရှီကျင့်ဖိန်သည် အရေးကြီးမိန့်ခွန်းပြောကြား

(GMT+08:00)2023-03-02 16:19:49  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ ပါတီဝန်ထမ်းကျောင်း ထူထောင်ခဲ့သည့် နှစ်(၉၀) မြောက် အထိမ်းအမှတ်ညီလာခံကို ၂၀၂၃ခုနှစ် မတ်လ ၁ရက်နေ့ နွေဦးရာသီ ကျောင်းဖွင့်ပွဲ မှာ ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် တက်ရောက်ပြီး အရေးကြီးမိန့်ခွန်းပြောကြားခဲ့ပါသည်။

ပါတီဝန်ထမ်းကျောင်း၏ ထာဝရမပြောင်းလဲသော ရည်မှန်းချက်သည် လူတော်လူကောင်းများပျိုးထောင်ပြီး ပါတီအတွက် အကြံဥာဏ်များပေးရန်ဖြစ်ကြောင်း၊ ပါတီဝန်ထမ်းကျောင်း အဆင့်ဆင့်တို့သည် အဆိုပါမူရင်းရည်မှန်းချက်ကို စွဲကိုင်ပြီး ကြိုးပမ်းအားထုတ်ကာ ဆိုရှယ်လစ် ခေတ်မီနိုင်ငံတော်ကို ဘက်စုံထူထောင်ရန်အတွက်ရော၊ တရုတ်အမျိုးသား၏ ကြီးကျယ်ခမ်းနားစွာပြန်လည် ရှင်သန်ရေး အတွက်ပါ အကျိုးဖြစ်ထွန်းမှုသစ်များ ပြုလုပ်ရကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့ပါသည်။