ရှီကျင့်ဖိန်သည် ဘီလာရုစ်သမ္မတနှင့် တွေ့ဆုံဆွေးနွေးv

(GMT+08:00)2023-03-02 16:20:24  

ယခုလ ၁ ရက်နေ့က တရုတ်နိုင်ငံသမ္မတရှီကျင့်ဖိန်သည် ပီကင်းပြည်သူ့ ခန်းမဆောင် ကြီး၌ တရုတ်ပြည်တွင် တရားဝင် လာရောက်ခဲ့သည့် ဘီလာရုစ်နိုင်ငံသမ္မတ Lukashenko နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု China Media Group မှ သတင်းအရသိရပါ သည်။

ရှီကျင့်ဖိန်က မတည်မငြိမ် မရေမရာဖြစ်နေသော နိုင်ငံတကာအခြေအနေနှင့် ရင်ဆိုင်ရာတွင် တရုတ်နိုင်ငံအနေနှင့် ဘီလာရုစ်နှင့်အတူ ကြိုးပမ်း၍ နှစ်နိုင်ငံဆက်ဆံမှု အရည်အသွေးမြင့်ပြီး ရှင်သန်တည်ငြိမ်စွာ တိုးတက်စေရန် တွန်းအားပေးလိုပါကြောင်း ပြောကြားခဲ့ပါသည်။

Lukashenko က ဘီလာရုစ်အနေနှင့် သိပ္ပံနည်းပညာ၊ စက်မှု၊ လယ်ယာစိုက်ပျိုး ရေးနှင့် ခရီးသွားခြင်း စသည့် နယ်ပယ်များတွင် တရုတ်နိုင်ငံနှင့် အားဖြည့်ပူးပေါင်း ဆောင်ရွက် သွားလိုကြောင်း၊ တရုတ်လုပ်ငန်းကုမ္ပဏီများအား ဘီလာရုစ်တွင် ရင်းနှီးမြှုပ်နှံပြီး၊ ဒေသတွင်းနှင့် ပြည်သူများကြား ယဉ်ကျေးမှုကူးလူးဖလှယ်မှုများ အားဖြည့်ဆောင်ရွက်ရန်  ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု သတင်းအရသိရပါသည်။