ဟိုပေပြည်နယ် ဖုန်းနင်မြို့ နို့ထွက်ပစ္စည်းလုပ်ငန်း ဖော်ဆောင်ခြင်းဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု

(GMT+08:00)2023-03-01 13:32:00  

ဖုန်းနင် မန်လူမျိုးကိုယ်ပိုင်အုပ်ချုပ်ရေးခရိုင်သည် ဟိုပေပြည်နယ်မြောက်ပိုင်းရှိ ဘတ်ရှောင် ဒေသတွင်တည်ရှိပြီး ယင်းဒေသတွင် စားကျက်မြေအရင်းအမြစ်များ ပေါကြွယ်ဝသလိုနို့ထွက်ပစ္စည်း ထုတ်လုပ်သည့် သမိုင်းကြောင်းလည်း ရှည်ကြာ စွာရှိခဲ့ပါပြီ။လွန်ခဲ့သည့်နှစ်များအတွင်း အရင်းအမြစ်ထောက်ပံ့မှုကို အခြေခံ၍ ဒေသအတွင်းတွင် စံချိန်စံညွှန်းမြင့်မားသည့် နို့စားနွားမွေးမြူရေးခြံများ ဆောက်လုပ်ခဲ့ပြီး အရည်အသွေးမြင့် နို့စားနွားမျိုးကွဲများကို မွေးမြူကာ နည်းစနစ်ကျသော စီမံခန့်ခွဲမှု အကောင်အထည်ဖော်ခြင်းဖြင့် နို့ထွက်ပစ္စည်းအရည်အသွေးကို မြှင့်တင်ခဲ့ပါသည်။ တစ်ချိန်တည်းတွင် ပြည်တွင်းမှ နို့ထွက်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်းကုမ္ပဏီများကို ဆွဲဆောင်ပြီး သိပ္ပံနည်းကျ သုတေသန ပြုလုပ်မှုများ တိုးမြှင့်ကာ နွားမွေးမြူရေး၊ စိုက်ပျိုးရေးနှင့် နို့ထွက်ပစ္စည်း ထုတ်လုပ်ခြင်းဆိုင်ရာ လုပ်ငန်း တစ်ခုလုံးကို စက်မှုကွင်းဆက်အဖြစ်ဖွဲ့စည်းခဲ့ခြင်းသည်

လယ်သမားများ အတွက်ကိုယ်ပိုင်အလုပ်အကိုင်များ ရရှိနိုင်သလို အရည်အသွေးမြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို လည်းအထောက်အကူ ပြုမည်ဖြစ်ပါသည်။