၂၀၂၂ခုနှစ်တွင် တရုတ်GDPသည် ၂၀၂၁ခုနှစ်ကထက်၂.၈ရာခိုင်နှုန်း တိုးလာ

(GMT+08:00)2023-03-01 13:16:52  

တရုတ် နိုင်ငံတော် စာရင်းအင်းဦးစီးဌာနမှ ဖေဖေါ်ဝါရီလ ၂၈ရက်နေ့က ၂၀၂၂ ခုနှစ် ၏အမျိုးသားစီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု စာရင်းကိုထုတ်ပြန်ခဲ့ပါသည်။ ပဏာမ တွက်ချက်မှုများအရ ၂၀၂၂ခုနှစ်က GDP သည် ယွမ် ၁၂၁၀၂၀.၇ ဘီလီယံဖြစ်ပြီး ၂၀၂၁ခုနှစ်ကထက် ၃.၀ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း၊ GNI ပမာဏသည် ယွမ် ၁၁၉၇၂၁.၅ ဘီလီယံဖြစ်ပြီး ၂၀၂၁ခုနှစ်ကထက် ၂.၈ ရာခိုင်နှုန်း တိုးလာခဲ့ကြောင်း China Media Groupမှသတင်းအရသိရပါသည်။