တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ဒီမိုကရက်တစ် အတိုင်ပင်ခံအစည်းအဝေးကို ကျင်းပပြီး ရှီကျင့်ဖိန် အရေးကြီးမိန့်ခွန်းပြောကြား

(GMT+08:00)2023-03-01 14:58:04  

    တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီသည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဒီမိုကရက်တစ် အတိုင်ပင်ခံအစည်းအဝေးကို ကျင်းပပြီး၊ ပါတီနှင့် နိုင်ငံတော် အဖွဲ့အစည်း များပြုပြင်ပြောင်းလဲမှုအစီအစဉ်၊ ၁၄ ကြိမ်မြောက် တရုတ်ပြည်လုံးဆိုင်ရာ ပြည်သူ့ ကွန်ဂရက် ပထမအကြိမ်အစည်းအဝေးထံသို့ အကြံပြုတင်ပြမည့် နိုင်ငံတော်အဖွဲ့အစည်း များ၏ ခေါင်းဆောင် အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များအမည်စာရင်း၊ ၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ ပထမအကြိမ်အစည်းအဝေးထံသို့ အကြံပြုတင်ပြမည့် နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် ပြည်လုံးဆိုင်ရာ ကော်မတီ၏ ခေါင်းဆောင် အဖြစ် အရွေးခံရန် ပုဂ္ဂိုလ်များအမည်စာရင်းနှင့် စပ်လျဉ်း၍ ဒီမိုကရက်စီ ပါတီများ၏ ဗဟိုကော်မတီများ၊ ပြည်လုံးဆိုင်ရာ စက်မှု ကုန်သွယ်မှု အဖွဲ့ချုပ်နှင့် တသီးပုဂ္ဂလများ၏ ကိုယ်စားလှယ်များအား အစီရင်ခံတင်ပြပြီး အကြံပြုချက်များကိုလည်း ကြားနာခဲ့ပါသည်။ တရုတ်ကွန်မြူနစ် ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အစည်းအဝေးကို ကြီးမှူးပြီး၊ အရေးကြီးမိန့်ခွန်းကိုလည်း ပြောကြားခဲ့သည်ဟု သတင်းအရ သိရပါသည်။