“ပန်းပင်လယ်စီးပွားရေး”ဖြင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်စေ

(GMT+08:00)2023-03-01 15:01:44  

မကြာသေးမီက တရုတ်နိုင်ငံ ဟူနန်ပြည်နယ် Lujiang ရွာတွင် တရုတ်ဧက တစ်ထောင်ကျော် ဆီထွက်မုန်ညင်းနက် ပန်းများပွင့်နေပြီး ခရီးသည်များကို ဆွဲဆောင်ကာ ကျေးလက်ဒေသခရီးသွားလာရေး ဖွံ့ဖြိုးတိုးတက်လာစေပါသည်။ လွန်ခဲ့သည့်နှစ်များတွင် Lujiang ရွာသည် လယ်ယာစိုက်ပျိုးရေးနှင့် ခရီးသွားလာရေး ပေါင်းစပ်သည့် ဖွံ့ဖြိုးတိုးတက်ရေးနည်းလမ်းဖြင့် ဆီထွက်မုန်ညင်းနက်များ တရုတ်ဧက တစ်ထောင်ကျော်ကို စိုက်ပျိုးခဲ့ပါသည်။ လယ်သမားများ၏ဝင်ငွေ တိုးလာသည့်အပြင် ခရီးသွားလာရေးလုပ်ငန်း၏ တန်ဖိုးကိုလည်း တိုးမြင့်စေ၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို ထိရောက်စွာ အထောက်အကူပြုပါသည်။