အမေရိကန် “အန္တရာယ်ရှိသည့်ဓာတုပစ္စည်းများတင်ဆောင်ထားသောရထား”လမ်းချော်မှု ဖြစ်ပွားရာဒေသနေထိုင်သူများမှာလည်ချောင်းနာခြင်းဖြစ်ပွား

(GMT+08:00)2023-03-01 13:15:06  

အိုဟိုင်းယိုးပြည်နယ်၌  “အန္တရာယ်ရှိသည့်ဓာတုပစ္စည်းများတင်ဆောင်ထားသောရထား”လမ်းချော်မှု ဖြစ်ပွားခဲ့သည့် နောက်ပိုင်းဒေသခံများသည် လည်ချောင်းနာခြင်းအပါအဝင် ကျန်းမာရေးပြဿနာအမျိုးမျိုးကိုခံစားနေရကြောင်း၊ ယင်းသည် ဓာတုပစ္စည်းထိတွေ့မှုနှင့် သက်ဆိုင်နိုင်ဖွယ်ရာသံသယရှိသည်ဟုဆေးဘက်ဆိုင်ရာဝန်ထမ်းများကယူဆကြောင်းNBCမှ သတင်းအရသိရပါသည်။

အဆိုပါဒေသတွင် ဓာတုပစ္စည်းများထိတွေ့မှုနှင့် ကိုက်ညီသောရောဂါလက္ခဏာရှိသူတစ်နေ့လျင် ၅ ဦးမှ ၁၀ ဦးအထိလာရောက်ပြသကြကြောင်းထိုဒေသဆေးခန်းတစ်ခုတွင် အလုပ်လုပ်နေသောသူနာပြုဆရာမတစ်ဦးကဆိုပါသည်။ ဒေသခံပြည်သူများလည်ချောင်းနာခြင်းအပါအဝင် ဖျားနာမှုဖြစ်စေသည့် အကြောင်းရင်းမှာ“အန္တရာယ်ရှိ ဓာတုပစ္စည်းများနှင့်ထိတွေ့ခြင်း”ကြောင့်ဖြစ်နိုင်ဖွယ်ရာရှိသည်ဟု ၄င်းက ယူဆကြောင်းသတင်းအရသိရပါသည်။