တူရကီသည် အရည်အသွေးနိမ့်သော အဆောက်အအုံများ ဆောက်လုပ်မှုတွင်ပါဝင်ခဲ့သည့်သံသယရှိသူ၂၀၃ဦးကိုဖမ်းဆီး

(GMT+08:00)2023-03-01 13:17:52  

တူရကီနိုင်ငံ တောင်ပိုင်းဒေသတွင် ဖေဖော်ဝါရီလ ၆ရက်နေ့က အင်အားပြင်းငလျင် လှုပ်ခတ်ပြီးနောက် ပျက်စီးသွားသည့် အဆောက်အအုံများနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုတွင် တရားရေးဌာနသည် အရည်အသွေးနိမ့်သော အဆောက်အအုံများ ဆောက်လုပ်မှုတွင် ပါဝင်ခဲ့သည့် သံသယရှိသူ အနည်းဆုံး ၂၀၃ဦးကို ဖမ်းဆီးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ငလျင်လှုပ်ခတ်ပြီးနောက် ခိုးမှုနှင့်လုယက်မှုစသည့် ဥပဒေကျူးလွန်မှုများကိုစုံစမ်းစစ်ဆေးရာတွင်လည်း သံသယရှိသူ ၂၀၁ဦးကို ဖမ်းဆီးခဲ့ကြောင်း တူရကီနိုင်ငံရုပ်သံဌာန TRT က ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပါသည်။