ပူတင်သည် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေးသဘောတူစာချုပ်သစ် ဖေါ်ဆောင်မှု ယာယီ ရပ်စဲရေး ဥပဒေကို လက်မှတ်ရေးထိုး

(GMT+08:00)2023-03-01 13:17:27  

ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ရုရှားသမ္မတ ပူတင်သည် မဟာဗျူဟာမြောက် လက်နက် လျှော့ချရေး သဘောတူစာချုပ်သစ် ဖေါ်ဆောင်မှု ယာယီ ရပ်စဲရေး ဥပဒေကို တရားဝင် လက်မှတ်ရေးထိုးခဲ့ပါသည်။ အမေရိကန်နိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး Antonov က အမေရိကန်သည် မဟာဗျူဟာမြောက် လက်နက်လျှော့ချရေး သဘောတူစာချုပ်သစ်ပါ ပြဋ္ဌာန်းချက်များကို နှစ်ပေါင်းများစွာ ပြင်းပြင်းထန်ထန် ချိုးဖောက်ခဲ့ကြောင်း ဖေဖော်ဝါရီလ၂၇ ရက်နေ့တွင် ပြောကြားခဲ့သည်ဟုChina Media Groupမှ သတင်းအရသိရပါသည်။