ထိုင်ဝမ်နှင့် ပတ်သက်ပြီး Blinken ၏ပြောဆိုချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြန်လည်ချေပ

(GMT+08:00)2023-03-01 13:57:41  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Blinken ၏ ထိုင်ဝမ်နှင့်ပတ်သက်သည့် ပြောဆိုချက်ကို ရည်ညွှန်းပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အမေရိကန် အနေနှင့် အန္တရာယ်ရှိသည့် လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်ပြီး အထင်လွဲ အမြင်လွဲ ဖြစ်အောင် လုပ်ခြင်းနှင့် ထင်ရာစိုင်း ပြောဆိုခြင်းကို ရပ်တန့်ရန် တရုတ်ပြည်ဘက်က တိုက်တွန်းပါကြောင်း၊ အကယ်၍ အမေရိကန်က ဤကဲ့သို့ ဇွတ်အတင်း ပြုလုပ်ပါက ပြင်းထန်သော အကျိုးဆက်များ ဖြစ်စေမည်ဖြစ်ပြီး ၎င်းအတွက် ကြီးမားစွာဆုံးရှုံးနစ်နာမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၂၈ ရက်နေ့ကကျင်းပသည့် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ပါသည်။