ချန်ဒူးမြို့တွင် မီးဖိုချောင်သုံး စွန့်ပစ်ဆီများ အကျိုးရှိစွာပြန်လည်အသုံးပြု

(GMT+08:00)2023-02-28 15:21:42  

ဖေဖော်ဝါရီလ ၂၅ရက်နေ့က ချန်ဒူးမြို့ရှိ ဟော့ပေါ့ စားသောက်ဆိုင်တစ်ခုမှ ဝန်ထမ်းများသည် စုဆောင်းထားသော စွန့်ပစ်ဆီများကို သယ်ယူပို့ဆောင်ရေးယာဉ်ပေါ်သို့ တင်ဆောင်ခဲ့ကြပါသည်။

ချန်ဒူးမြို့၏ စားနပ်ရိက္ခာဝန်ဆောင်မှုယူနစ်များသည် တစ်နေ့လျှင် ပျမ်းမျှ စွန့်ပစ်ဆီတန်ချိန် ၄၀၀ ခန့်ထုတ်လုပ်ပြီး စွန့်ပစ်မီးဖိုချောင်သုံးဆီ၏ ၇၀ ရာခိုင်နှုန်း မှ ၈၀ ရာခိုင်နှုန်း အထိကို စီချွမ်ရှိ သက်ဆိုင်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးသိပ္ပံနည်းပညာကုမ္ပဏီများထံ ပို့ဆောင်ပေးမည်ဖြစ်ပြီး စက်မှုလုပ်ငန်းအဆင့် ရောစပ်ဆီနှင့် ဇီဝဒီဇယ်ဆီကို ထုတ်လုပ်မည်ဖြစ်ပါသည်။