တရုတ်မှ ရုရှားသို့ စစ်ရေးထောက်ပံ့မှုပေးသည်ဟု ကန်၏ ပြောဆိုချက်ကို တရုတ် တုံ့ပြန်

(GMT+08:00)2023-02-28 15:30:03  

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က တရုတ်နိုင်ငံသည် ၄င်း၏ လုပ်ငန်းကုမ္ပဏီများမှတစ်ဆင့် ရုရှားနိုင်ငံသို့ လူမသေစေနိုင်သော (Non- lethal) ထောက်ပံ့မှုများကို ပေးလျက်ရှိပြီး ယခုအခါ လူသေစေနိုင်သော (Lethal) ထောက်ပံ့မှုများကို ပေးရန် စဉ်းစားနေကြောင်း ပြောကြားခဲ့ပါသည်။ ၄င်းနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီလ ၂၇ရက်နေ့က ကျင်းပသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင် က အမေရိကန်နိုင်ငံအနေဖြင့် တရုတ်-ရုရှား ဆက်ဆံမှုကို ဝင်ရောက်စွက်ဖက် ပြောဆိုပိုင်ခွင့်မရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အမေရိကန် နိုင်ငံ၏ ခြိမ်းခြောက်မှုနှင့် ဖိအားပေးမှုကို လက်မခံကြောင်း ပြောကြားခဲ့ပါသည်။

ပြောရေးဆိုခွင့်ရှိသူ မော်နင် က ယူကရိန်းပြဿနာနှင့်ပတ်သက်ပြီး တရုတ် နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲပြုလုပ်ရန် တွန်းအားပေးပြီး နိုင်ငံရေး နည်းလမ်းဖြင့် အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းရန် တွန်းအားပေးလျက်ရှိ ကြောင်း၊ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံသို့ လူသေစေနိုင်သောလက်နက်များ ပို့ဆောင်သည့်အပြင် တရုတ်-အမေရိကန်ပူးတွဲပြန်တမ်း၃ခုကိုလည်း ချိုးဖောက်ပြီး တရုတ်နိုင်ငံထိုင်ဝမ်ဒေသသို့ ခေတ်မီလက်နက်များကို အဆက်မပြတ်တင်ပို့ရောင်းချ လျက်ရှိကြောင်း ပြောကြားခဲ့ပါသည်။