ဟူနန်ပြည်နယ် လင်ဝူခရိုင် တွင်“ညပုံပြင်” ဇာတ် ဖျော်ဖြေတင်ဆက်

(GMT+08:00)2023-02-28 15:28:33  

ဖေဖေါ်ဝါရီလ ၂၅ ရက်နေ့ညတွင် တရုတ်နိုင်ငံဟူနန်ပြည်နယ် လင်ဝူခရိုင် ရွှေဖိန်ရွာတွင် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်ဖြစ်သည့် “ညပုံပြင်” ဇာတ်ကိုဖျော်ဖြေတင်ဆက်ခဲ့ပါသည်။

“ညပုံပြင်” ဇာတ်သည် သမိုင်းသက်တမ်းနှစ်ပေါင်း ၂၄၀ ကျော် ရှိခဲ့ပါပြီ။ ဇာတ်လမ်းဇာတ်ကွက် ၄၈ ခုဖြင့် ဖွဲ့စည်းထားသော “ညပုံပြင်” ဇာတ်ကိုလမ်းမကြီးနှင့် လမ်းသွယ်လေးပါမကျန်၊ရွာကြီးရွာငယ်များတွင်လည်းသွားရောက်ကပြပြီးခရီးသွားအမြောက်အမြား ကြည့်ရှုရန် ဆွဲဆောင် နေပါသည်။