ဟိုပေပြည်နယ်ဝူချန်ခရိုင်၏ တူရိယာလုပ်ငန်းရှင်သန်လာ

(GMT+08:00)2023-02-28 15:24:17  

တရုတ်နိုင်ငံဟိုပေပြည်နယ် ဝူချန်ခရိုင်၏ တူရိယာလုပ်ငန်းသည် နှစ်ပေါင်း ၃၀ကျော် သမိုင်းကြောင်းရှိပါသည်။ ဒေသအစိုးရ၏ထောက်ခံအားပေးမှုအောက်တွင် ဝူချန်ခရိုင်၏ တူရိယာလုပ်ငန်းသည်အတိုင်းအတာ ကြီးမားစွာဖွံ့ဖြိုးတိုးတက်လာပါသည်။ယင်းခရိုင်တွင် တူရိယာထုတ်လုပ်ရေးကုမ္ပဏီ ၆၃ခုရှိပြီးဝန်ထမ်း ၁သောင်းကျော်ရှိပါသည်။ ထုတ်လုပ်သောတူရိယာပစ္စည်းအမျိုးအစားပေါင်း ၄၀၀ ကျော်ရှိပြီး နိုင်ငံနှင့်ဒေသပေါင်း ၈၀ ကျော်သို့ တင်ပို့ရောင်းချလျက်ရှိပါသည်။