တရုတ်စိချွမ်းအယ်မေတောင်တွင်"ခရီးသည်နှင့်မျောက်များအားသီးသန့်ထားခြင်း" ပြုလုပ်

(GMT+08:00)2023-02-28 15:25:51  

လွန်ခဲ့သောရက်အနည်းငယ်အတွင်း တရုတ်စိချွမ်းပြည်နယ် အယ်မေတောင်ရှုခင်းသာ နေရာတွင် "ခရီးသည်နှင့်မျောက်များအား သီးသန့်ထားခြင်း"အကြောင်းကို လူအများ စိတ်ဝင်စားခဲ့ပါသည်။ မကြာခင်က အယ်မေတောင် သစ်တောရေးရာဌာနသည် ချင်းယင်းဂေမျောက်ဇုန်တွင် "ခရီးသည်နှင့်မျောက်များအားသီးသန့်ထားခြင်း" ကိုဦးစွာ စမ်းသပ်ဆောင်ရွက်ခဲ့ပြီး နောက် တောရိုင်းမျောက်များသည် ခရီးသည်များ၏ ပစ္စည်းများ လုယူခြင်းနှင့် လူကိုအန္တရာယ်ပြု ခြင်း စသည့်အခြေအနေများ များစွာလျော့နည်းသွား ခဲ့ပါသည်။