တူရကီဘောလုံးဝါသနာအိုးများ အမွှေးရှည်အရုပ်ကလေးများပစ်ခြင်းဖြင့် မြေငလျင် ဘေးဒဏ်ကြောင့် သေဆုံးခဲ့ရသော ကလေးများအား လွမ်းဆွတ်မှုဖော်ပြ

(GMT+08:00)2023-02-27 15:24:11  

ယခုလ ၂၆ ရက်နေ့က တူရကီနိုင်ငံ Istanbul မြို့တွင် ကျင်းပသည့် Besiktas နှင့် Antalyaspor ဘောလုံးပြိုင်ပွဲတွင် Besiktas အသင်း၏ ဝါသနာအိုးများသည် အမွှေးရှည် အရုပ်ကလေးများစွာတို့ကို ကစားကွင်းအတွင်းသို့ ပစ်ပြီး မကြာခင်ကကြုံတွေ့ခဲ့ရသည့် တူရကီ ငလျင်ဘေးဒဏ်ကြောင့် သေဆုံးသွားသော ကလေးများအား လွမ်းဆွတ် သတိရကြောင်းဖော်ပြခဲ့ကြသည်ဟု သတင်းအရ သိရပါသည်။